11 November, 2016

သူငယ်ချင်းလို့ပြောနေပေမယ့်

သူငယ်ချင်းလို့ပြောနေပေမယ့်

ကောင်လေးနဲ့ကောင်မလေးဟာ တစ်ယောက်နဲ့တစ်ယောက်ချစ်နေကြပေမယ့်.....

၁၀ တန်းမှာ -
ကျနော် အင်္ဂလိပ်စာသင်ခန်းထဲမှာ ထိုင်နေရင်း ကျနော့်ဘေးနားက ကောင်းမလေးကို ငေးကြည့်နေမိတယ်။ သူမက ကျနော့်အကောင်းဆုံး သူငယ်ချင်းပါ။ သူ့ရဲ့ ရှည်လျားတဲ့ ပိုးသားဆံနွယ်တွေကို ငေးကြည့်နရင်း သူမကို ပိုင်ဆိုင်ခွင့် ရချင်မိတယ်။ ဒါပေမယ့် သူမကတော့ ကျနော့်ကို သတိမထားမိဘူး။ ဒါကိုကျနော် သိပါတယ်။ အတန်းပြီးတဲ့နောက် ကျနော့်ဆီကို သူမလျှောက်လာပြီး ကျနော့်မှတ်စုကို လာတောင်းတယ်။ ကျနော် ပေးလိုက်တယ်။

သူမက ကျေးဇူးတင်စကား ပြောရင်း ကျနော့်ပါးကို နမ်းခဲ့တယ်။ အဲဒီအချိန်မှာ ကျနော်အပြောချင်ဆုံး စကားကတော့ သူမနဲ့ပတ်သက်ပြီး ကျနော်ဘယ်လို ခံစားတယ်ဆိုတာကိုပဲ။ ကျနော်သူမကို ချစ်တယ်။ သူမကိုပိုင်ဆိုင်ချင်တယ်။ ဒါပေမယ့် ဖွင့်ပြောဖို့တော့ ကျနော်ရှက်လွန်းနေခဲ့တယ်။

တက္ကသိုလ်ပထမနှစ်မှာ -
ဖုန်းသံမြည်လာတယ်။ သူမရဲ့ဖုန်းဖြစ်နေတယ်။ သူမက မျက်ရည်တွေနဲ့ သူမရဲ့ကောင်လေးက သူမအသည်းကို ဘယ်လိုခွဲခဲ့တယ် ဆိုတာကို ငုံသံစွက်ရင်း ကျနော့်ကိုပြောပြတယ်။ သူမတစ်ယောက်တည်း မနေချင်လို့ ချက်ချင်း သူ့အနားကို ရောက်လာဖို့ ခေါ်ခဲ့တယ်။ ကျနော် ချက်ချင်းပဲသွားခဲ့တယ်။ ဆိုဖာပေါ်က သူမရဲ့ဘေးမှာ ထိုင်နေရင်း မျက်ရည်တွေနဲ့ စိုနေတဲ့ သူမရဲ့မျက်လုံးတွေကို ငေးကြည့်ကာ သူမကိုပိုင်ဆိုင်ချင်စိတ်တွေ ဖြစ်ပေါ်နေမိတယ်။ နှစ်နာရီအကြာ၊ Drew Barrymore ရုပ်ရှင်တစ်ကား ကုန်ပြီး၊ စားစရာသုံးထုပ် ကုန်တဲ့နောက်မှာတော့ ပြန်ဖို့ သူမဆုံးဖြတ်ခဲ့တယ်။

သူမက ကျေးဇူးတင်စကားပြောရင်း ကျနော့်ပါးကို နမ်းခဲ့တယ်။ အဲဒီအချိန်မှာ ကျနော်အပြောချင်ဆုံး စကားကတော့ သူမနဲ့ပတ်သက်ပြီး ကျနော်ဘယ်လို ခံစားတယ်ဆိုတာကိုပဲ။ ကျနော်သူမကို ချစ်တယ်။ သူမကိုပိုင်ဆိုင်ချင်တယ်။ ဒါပေမယ့် ဖွင့်ပြောဖို့တော့ ကျနော်ရှက်လွန်းနေခဲ့တယ်။

စီနီယာနှစ်မှာ -
သာယာတဲ့ တစ်နေ့မှာ ကျနော့်အခန်းကို သူမရောက်လာတယ်။ "ကျမချိန်းထားတဲ့သူ အဆင်မပြေဘူး၊ သူလာမှာ မဟုတ်ဘူး" လို့ လာပြောတယ်။ ကျနော်ကတော့ အဲဒီနေ့မှာ ချိန်းထားတာမရှိဘူး။ ပြီးတော့ ကျနော်တို့ ခုနှစ်တန်းတုန်းက ကျနော်တို့ နှစ်ယောက်စလုံးမှာ ချိန်းထားတာ မရှိတဲ့အချိန်ကျရင် အကောင်းဆုံး သူငယ်ချင်းအဖြစ်နဲ့ အတူတူ လျှောက်လည်ကြမယ်လို့ ကတိပြုထားတာလဲ ရှိခဲ့တယ်။ ဒါနဲ့ အပြင်ထွက်ကြတယ်။ အဲဒီည အရာအားလုံးပြီးဆုံးသွားတဲ့ အခါမှာ သူမရဲ့ အိမ်ရှေ့တံခါးနားက လှေကားထစ်မှာ ကျနော်ရပ်နေခဲ့တယ်။ သူမ ကျနော့်ကိုပြုံးပြပြီး သလင်းကျောက်လို ကြည်လင်တဲ့ မျက်လုံးများနဲ့ ကျနော့်ကို ငေးကြည့်နေစဉ် ကျနော်ကလည်း သူမကို ပြန်ငေးကြည့်နေခဲ့တယ်။

သူမက ကျေးဇူးတင်စကားပြောရင်း ကျနော့်ပါးကို နမ်းခဲ့တယ်။ အဲဒီအချိန်မှာ ကျနော်အပြောချင်ဆုံး စကားကတော့ သူမနဲ့ပတ်သက်ပြီး ကျနော်ဘယ်လို ခံစားတယ်ဆိုတာကိုပဲ။ ကျနော်သူမကို ချစ်တယ်။ သူမကိုပိုင်ဆိုင်ချင်တယ်။ ဒါပေမယ့် ဖွင့်ပြောဖို့တော့ ကျနော်ရှက်လွန်းနေခဲ့တယ်။

ဘွဲ့ယူတဲ့နေ့မှာ -
တစ်နေ့ကုန်ဆုံးသွားတယ်။ ပြီးတော့ တစ်ပတ်၊ တစ်လ ကုန်ဆုံးသွားပြန်တယ်။ မျက်စိတစ်မှိတ် အတွင်းမှာပဲ ဘွဲ့ယူမယ့်နေ့က ရောက်လာတယ်။ သူမရဲ့ ဒီပလိုမာကို ယူဖို့ ပြီးပြည့်စုံတဲ့ ဘော်ဒီလေးနဲ့ နတ်သမီးလိုမျောလွင့်ရင်း စင်ပေါ်ကို တက်နေတဲ့အချိန်မှာ ကျနော် ငေးကြည့်နေမိခဲ့တယ်။ သူမကို ပိုင်ဆိုင်ချင်ပေမယ့် သူမကတော့ သတိမထားမိဘူး။ ဒါကို ကျနော်သိပါတယ်။ အိမ်မပြန်ခင်လေးမှာ သူ့ဝတ်ရုံ၊ ဘွဲ့ဦးထုပ်တို့နဲ့ ကျနော့်ကို လာတွေ့တယ်။ ကျနော် ဖက်ထားနေတုန်း သူမ ငိုနေတယ်။

သူမက "နင်က ငါ့အကောင်းဆုံး သူငယ်ချင်းပါ" လို့ပြောပြီး ကျနော့်ပါးကိုနမ်းခဲ့တယ်။ အဲဒီအချိန်မှာ ကျနော်အပြောချင်ဆုံး စကားကတော့ သူမနဲ့ပတ်သက်ပြီး ကျနော်ဘယ်လို ခံစားတယ်ဆိုတာကိုပဲ။ ကျနော်သူမကို ချစ်တယ်။ သူမကို ပိုင်ဆိုင်ချင်တယ်။ ဒါပေမယ့် ဖွင့်ပြောဖို့တော့ ကျနော်ရှက်လွန်းနေခဲ့တယ်။

မင်္ဂလာဆောင်ချိန်မှာ -
ခုချိန်မှာတော့ ကျနော် ဘုရားရှိခိုးကျောင်းထဲ ထိုင်နေတယ်။ သူမလက်ထပ်တော့မယ်လေ။ အခြား ယောက်ျားတစ်ယောက်ကို လက်ထပ်ပြီး ဘဝသစ်ကို စတော့မှာပါ။ သူမကို ပိုင်ဆိုင်ချင်ပေမယ့် သူမကတော့ သတိမထားမိဘူး။ ဒါကို ကျနော်သိပါတယ်။ သူမရှေ့ကို မသွားခင်မှာ ကျနော့်ဆီလာပြီးတော့ "နင်တကယ်ပဲ လာတယ်နော်" လို့ပြောသွားတယ်။ 

သူမက ကျေးဇူးတင်စကားပြောရင်း ကျနော့်ပါးကို နမ်းခဲ့တယ်။ အဲဒီအချိန်မှာ ကျနော်အပြောချင်ဆုံး စကားကတော့ သူမနဲ့ပတ်သက်ပြီး ကျနော်ဘယ်လို ခံစားတယ်ဆိုတာကိုပဲ။ ကျနော်သူမကို ချစ်တယ်။ သူမကိုပိုင်ဆိုင်ချင်တယ်။ ဒါပေမယ့် ဖွင့်ပြောဖို့တော့ ကျနော်ရှက်လွန်းနေခဲ့တယ်။

သေခြင်းတရားနဲအတူ -
နှစ်ပေါင်းများစွာ ကုန်လွန်ခဲ့တယ်။ ကျနော့် အကောင်းဆုံး သူငယ်ချင်းဖြစ်ခဲ့သူရဲ့ အလောင်းကို ကျနော်ကြည့်နေမိတယ်။ အသုဘအစီအစဉ်မှာ အထက်တန်း ကျောင်းသားဘဝတုန်းက သူမရဲ့ နေ့စဉ်မှတ်တမ်းကို ဖတ်ကြတယ်။

နေ့စဉ်မှတ်တမ်းမှာဒီလိုရေးထားတယ်။

သူ့ကို ပိုင်ဆိုင်ချင်တဲ့စိတ်နဲ့ ကျမငေးကြည့်နေမိတယ်။ ဒါပေမယ့်သူကတော့ သတိမထားမိဘူး။ ဒါကိုကျမလဲသိပါတယ်။ သူငယ်ချင်းအဖြစ်နဲ့ပဲနေရတာ ကျမ မကြိုက်ဘူးဆိုတာကို ပြောပြချင်တယ်။ သူ့ကို ကျမချစ်တယ်။ ဒါပေမယ့် ဘာကြောင့်လဲမသိ၊ ကျမရှက်လွန်းနေတယ်။ သူ ကျမကိုချစ်တဲ့အကြောင်း ပြောပါစေလို့ ကျမမျှော်လင့်မိတယ်။

ကျနော့်စိတ်ထဲကနေ "ကျနော်လဲ မျှော်လင့်ပါတယ်" လို့ပြောရင်း ကျနော်ငိုကြွေးနေတယ်။

မူရင်းလင်ခ် - http://moralstories26.com/story-of-boy-and-girl-who-loved-but/


No comments: