26 September, 2016

အသစ်သောနိဂုံး

အသစ်သောနိဂုံး

ဘ၀မှာ ဘယ်သူမှအစကိုပြန်သွားပြီး အသစ်ကပြန်စလို့မရပါဘူး။ ဒါပေမယ့် လူတိုင်းက အခုချိန်ကနေအစပြုပြီး အသစ်သောနိဂုံး ကိုတည်ဆောက်နိုင်ပါတယ်။

နာကျင်ခြင်းမပါတဲ့ နေ့ရက်များ၊ ၀မ်းနည်းခြင်းမပါတဲ့ ရယ်မောပျော်ရွှင်မှု၊ မိုးစက်များမပါတဲ့ နေရောင် စတာတွေ အတွက်ကတိပြုချက် ဆိုတာမျိုး မရှိနိုင်ပါဘူး။ ဒါပေမယ့် နေ့အတွက်ခွန်အား၊ မျက်ရည်များအတွက် နှစ်သိမ့်မှု၊ လမ်းခရီးအတွက် အလင်းရောင်များကိုတော့ ကတိပြုလို့ရပါတယ်။

စိတ်ပျက်စရာ အတွေ့အကြုံများဆိုတာ လမ်းခရီးပေါ်က ခလုတ်ကန်သင်းများနဲ့ တူပါတယ်။ ဒါပေမယ့် အဲဒါတွေကျော်လွန် ပြီးရင် ဖြောင့်ဖြူးတဲ့ လမ်းခရီးကို ရောက်သွားမှာပါ။ ခလုတ်ကန်သင်းများ အကြားမှာ အကြာကြီးမနေပါနဲ့။ ခရီးဆက်ပါ။ သင်လိုချင်တာမရလို့ စိတ်ဓာတ်ကျချင်သလို ဖြစ်လာရင်တောင် အားတင်းပြီး ပျော်ရွှင်အောင်နေဖို့ ကြိုးစားပါ။

ဘ၀ရဲ့ အဖြစ်အပျက်များမှာ ရည်ရွယ်ချက်တွေရှိပါတယ်။ တစ်ချို့အဖြစ်အပျက်တွေက အခုအချိန်ထက် ပိုပြီး ရယ်မောနိုင်အောင် သင်ပေးနိုင်သလို အချို့ကတော့ အလွန်အမင်း မငိုကြွေးအောင် သင်ပေးနိုင်ပါတယ်။

တစ်စုံတစ်ယောက်က သင့်ကိုချစ်လာအောင် လုပ်ယူလို့မရပါဘူး။ သင်လုပ်နိုင်တာကတော့ အချစ်ခံနိုင်သူဖြစ်အောင် နေထိုင်ခြင်းဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ အခြားသူများက သင့်တန်ဖိုးကို နားလည်ကြဖို့သာ လိုပါတော့တယ်။

ကိုယ်ချစ်နေတဲ့သူ တစ်ယောက်အတွက် ကိုယ့်မာနကို ရှုံးဆုံးတာဟာ၊ မာနကြောင့်ကိုယ်ချစ်ရတဲ့သူ တစ်ယောက်ကို ရှုံးဆုံးခြင်းထက် ပိုကောင်းပါတယ်။

ကျနော်တို့ဟာ ကိုယ်ချစ်သင့် ချစ်ထိုက်သူလို့ ကိုယ်ယူဆတဲ့သူ တစ်ယောက်ကိုရှာခြင်းအတွက် အချိန်းအများကြီး ဖြုန်းမိတတ်ကြတယ်။ ဒါမှမဟုတ် ကိုယ်ချစ်နေတဲ့သူ တစ်ယောက်နဲ့ ပြည့်စုံတဲ့အချစ်ကို တည်ဆောက်မယ့်အစား အပြစ်ရှာခြင်းအတွက် အချိန်အများကြီး ဖြုန်းမိတတ်ကြတယ်။

မိတ်ဆွေဟောင်းကို မမေ့ပါနဲ့။ သူ့နေရာကို အစားထိုးနိုင်တဲ့သူ ပြန်ရှာလို့မရပါဘူး။ မိတ်ဆွေဆိုတာ ၀ိုင်လိုပါပဲ၊ ဟောင်းလေ ကောင်းလေပေဲတဲ့။

မူရင်းလင်ခ် - http://www.agiftofinspiration.com.au/index.shtml


No comments: